မကွေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အုန္နဲချောင်းကျေးရွာနေ ဦးနှင်းဦး (၄၇)နှစ်သည် နိုဝင်ဘာ လ ၂၇ ရက်နေ့ ည (၁၂)နာရီ (၁၅)မိနစ်အချိန်ခန့် နေအိမ်၌ အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ ကျော်ကြီးနှင့် ရွှေလေးတို့ ရောက်လာပြီး ၎င်း၏သားဖြစ်သူ ကျော်ကိုလတ် (၂၆)နှစ်မှာ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူကျွန်းကျေးရွာ တန်ဆောင်တိုင် မီးလှည့်ပွဲ သွားကြည့်ရာ ရန်ဖြစ်ပြီး ဓါးထိုးခံရ၍ လမ်းမပေါ်တွင် လဲကျကျန်ရစ်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ပခုက္ကူကျွန်း ကျေးရွာသို့ သွားရောက် ကြည့်ရှုရာ ပခုက္ကူကျွန်းရွာအရှေ့ပိုင်း တောင်/မြောက် လမ်းပေါ်တွင် သားဖြစ်သူ ကျော်ကိုလတ်အား ၀မ်းဗိုက်တွင် ဓါးဒဏ်ရာဖြင့် သွေးများထွက်လျှက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ စုံစမ်းမေးမြန်းရာ ညောင်ဦးမြို့နယ်၊ ကုန်းကျွန်းရွာနေ ရှိုင်းမောင်မောင် (၂၃)နှစ်နှင့် စကားများ ရန်ဖြစ်ကြရာ ရှိုင်းမောင်မောင်မှ အသင့်ပါလာသော အရိုး(၆)လက်မ၊ အသွား(၇)လက်မ၊ ဗျက် (၁)လက်မခန့်ရှိ မြေခွေးခေါင်းတံဆိပ်ပါ စတီးရိုးတပ် ဓါးမြောင်နှင့်ထိုး၍ ဒဏ်ရာရရှိ သေဆုံး ကြောင်း စုံစမ်းသိရှိရသဖြင့် သားဖြစ်သူအား ဓါးနှင့်ထိုးသူ ရှိုင်းမောင်မောင်အား အရေးယူပေးပါရန် ဦးနှင်းဦးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၄၆/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, November 28, 2015
11:12 AM
Unknown
Crime, NEWS, Regional News
No comments
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment