၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ခန့် မကွေးမြို့နယ်၊ ဖိုးပေါက်ကန်ကျေးရွာအနီး မကွေး-တောင်တွင်းကြီး ကားလမ်း မိုင်တိုင်အမှတ် ၂၉၄/၁ နှင့် ၂၉၄/၂ အကြားတွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ တောင်တွင်းကြီးမြို့ဘက်မှ မကွေးမြို့ဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ သဲကျွန်း ကျေး ရွာနေသူ အောင်ဝင်း(၄၀)နှစ် မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ မဥမ္မာမြင့်(၃၇)နှစ်၊ သမီး မဟန်စုစံ (၈)နှစ်၊ သား မောင်လောပန်ချစ်စံ (၃)နှစ်တို့ လိုက်ပါလာသည့် ၄၂ယ/xxxxx ဂျင်းရှီး ၁၁၀ အနက်ရောင် ဆိုင်ကယ်နှင့် မကွေးဘက်မှ တောင်တွင်းကြီးဘက်သို့ တောင်တွင်းကြီး မြို့နယ်၊ ကုက်္ကိုခွ ကျေးရွာနေသူ ဖြိုးကိုကို (၂၅)နှစ် မောင်းနှင် လာသော ၄၄ယ/xxxxx ရီဘို ၁၁၀ အနက်ရောင် ဆိုင်ကယ်တို့ ကားလမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိပြီး အောင်ဝင်း၊ မဥမ္မာမြင့်နှင့် မဟန်နီစုစံတို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဖြိုးကိုကိုမှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းသူ အောင်ဝင်းနှင့် ဖြိုးကိုကို တို့အား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ) ၂၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment