၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ ၀င်များသည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့် မကွေးမြို့နယ်၊ ဒဟတ်ကန် ကျေးရွာအနီး မကွေး-နတ်မောက် ကားလမ်း မိုင်တိုင်အမှတ် ၃၃၂/၇ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ကံပြားကျေးရွာဘက်မှ မကွေးမြို့ဘက်သို့ မကွေးမြို့ နယ်၊ အောင်မြင် သာ ကျေးရွာနေသူ သန်းဇော်ဝင်း(၂၈)နှစ် မောင်းနှင်ပြီး နောက်မှ ညီမဖြစ်သူ မမြတ်မိုးခိုင် (၂၆)နှစ် လိုက်ပါလာသည့် ရင်ဇင်း ၁၁၀ စိမ်းနက်ကြားရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူ လမ်းယာဘက်ဘေးတွင် ရပ်တန့်ထားသော မကွေးမြို့၊ အိုးဘိုရပ်ကွက်နေသူ ယာဉ်မောင်း စိုးသူခိုင် (၄၁)နှစ်၏ 1K/1085 ISUZU အဖြူရောင် လိုက်ထရပ်ယာဉ်အား နောက်မှ ၀င်ရောက် တိုက်မိပြီး သန်းဇော်ဝင်းတွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သန်းဇော်ဝင်း အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း ယာဉ်(ပ) ၅၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment