၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ (၃)နာရီအချိန်ခန့် ပွင့်ဖြူမြို့နယ်၊ လှည်းကြီးကျေးရွာအနီး မင်းဘူး-ပွင့်ဖြူ သွားကားလမ်း မိုင်တိုင်အမှတ် ၁၆/၃ နှင့် ၁၆/၄ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မင်းဘူးဘက်မှ ပွင့်ဖြူဘက်သို့ မင်းဘူး(စကု)မြို့နယ်၊ တောကျောင်းကုန်း ကျေး ရွာနေသူ အေးမောင် (၃၈)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ညွန့်ဝင်း (၄၀)နှစ် လိုက်ပါလာ သည့် YAMAHA 150 နက်စိမ်းကြားရောင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး မကျီးပင်အား ၀င်ရောက် တိုက်မိပြီး အေးမောင်တွင် နှင့် ညွန့်ဝင်း တို့တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ အေးမောင်အား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment