၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာ၊ အာရုံခံပြည်တော်ပြန် ဘုရားပွဲ၌ အရပ်ပြဇာတ် ကပွဲ ပြဇာတ်က နေသော ဇောင်ချမ်း ကုန်း ကျေးရွာနေ ကိုမျိုးကျော်ကျော် (၃၅)နှစ်သည် ပြဇာတ်ကနေစဉ် သေနတ်မှန်သည့် ဇာတ်ဝင်ခန်းတွင် ယမ်းထုပ်နှင့် သွေးကဲ့သို့ နီရဲနေစေရန် ပူစီပေါင်းအတွင်း ဆေးနီရေ ထည့်ကာ ၀မ်းဗိုက်တွင် ချည်ပြီး နှစ်ပင်လိမ် ၀ါယာကြိုးဖြင့် စလင်းမြို့နယ်၊ ဒိုင်ဒေါင်းကုန်း ကျေးရွာနေသူ သိန်းထွေး (၄၈)နှစ်မှ လျှပ်စစ်လျှော့တိုက် ဖောက်ခွဲရာ လျှပ်စစ်ဓါတ်လိုက်ပြီး ကိုမျိုးကျော်ကျော်မှာ သတိလစ်သွား၍ ဆင်ဖြူကျွန်း တိုက်နယ်ဆေးရုံသို့ ပို့အပ်စဉ် သေဆုံးသွား ခဲ့သဖြင့် ၀ါယာကြိုး လျှော့တိုက်သူ သိန်းထွေးအား အရေးယူပေး ပါရန် သေဆုံးသူ ကိုမျိုးကျော်ကျော် ၏ ဇနီးဖြစ်သူ မထားရွှေရီ (၂၉)နှစ်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေရဲစခန်း (ပ) ၃၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment