Saturday, November 28, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ အိုင်မကျီးကျေးရွာနေ ဌေးမြင့်အောင်(ခ) ကိုဌေး (၂၆)နှစ်နှင့် ဇနီးဖြစ်သူ မသင်း(ခ) မသင်းသင်းဆွေ တို့သည် နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့် အိုင်မကျီးကျေးရွာ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာရှိ ခရမ်းချဉ်စိုက်ခင်း သို့ သွားရောက်ပြီး ပိုးသတ်ဆေးဖျန်းရာ ဆေးဖျန်းပုံးမှာ ၀ါရှာမကောင်းသဖြင့် ဌေးမြင့်အောင်(ခ) ကိုဌေးမှ ပါးစပ်ဖြင့် စုပ်ယူစဉ် ပိုးသတ်ဆေးများ ပါးစပ်အတွင်း ၀င်သွားသဖြင့် ဇနီးဖြစ်သူအား ပြောပြရာ ဖခင်ဖြစ်သူ ဦးအောင်မြင့်၏ မော်တော်ယာဉ်ဖြင့် ည(၈)နာရီခွဲ အချိန်ခန့်တွင် မိတ်္ထီလာ ဆေးရုံ သို့ ရောက်ရှိ ဆေးကု သနေစဉ် ၂၇.၁၁.၂၀၁၅ ရက်နေ့ နံနက် (၄)နာရီ (၁၀)မိနစ် အချိန် သေဆုံးသွားသဖြင့် အလောင်း အား ကျေးရွာသို့ ပြန်လည်သယ်ဆောင် လာသည်ကို ဆုံကုန်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်စိုး မှ စိုင်ကောင်းနယ်မြေရဲစခန်းသို့ ဖုန်းဆက် အကြောင်း ကြားသဖြင့် စိုင်ကောင်းနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဌေးမြင့်အောင် (ခ)ကိုဌေး တွင် ပြင်ပ ဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိရ သဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် နတ်မောက်မြို့နယ်၊ စိုင်ကောင်း နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video