၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် (၆)နာရီ (၃၅)မိနစ်အချိန်ခန့် ချောက်မြို့နယ်၊ ဂွေးပင် ကွက်သစ် ကျေးရွာ၊ ရေနံချောင်း-ကျောက်ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ် ၃၈၀/၀ အနီးတွင် ယာဉ် တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ချောက်မြို့နယ်ဘက်မှ ကျောက်ပန်းတောင်း မြို့နယ်ဘက်သို့ ရန်ကုန် တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ Fire Wall ကုမ္ပဏီ အိုရီဆပ်ပြာ ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်သူ မလေးရှားနိုင်ငံသား Mr. Esoos Mohamed Samehbhai (၄၂)နှစ် မောင်းနှင်သော 5K/xxxx TOYOTA RAV-4 ခဲရောင် မော်တော်ယာဉ်သည် ၄င်းလမ်းအတိုင်း လမ်းလျှောက် သွားနေသော ဂွေးပင်ကွက်သစ် ကျေး ရွာနေသူ ဒေါ်အေးမြင့် နှင့် သမီးဖြစ်သူ မအိအိမွန် (၂၅)နှစ်တို့ (၂)ဦးအနက် မအိအိမွန်အား နောက်မှ ၀င်ရောက် တိုက်မိ၍ မအိအိမွန်မှာ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွား၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ မလေးရှားနိုင်ငံသား Mr. Esoos Mohamed Samehbhai အား ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment