၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့် ငဖဲမြို့နယ်၊ လေးအိမ်စုကျေးရွာအနီး၊ ငဖဲ-စေတုတ္တရာ ကားလမ်း မိုင်တိုင် အမှတ် (၁၃/၅ နှင့် ၁၃/၆)ကြားတွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း လေးအိမ်စု ကျေးရွာဘက်မှ ငဖဲမြို့ဘက်သို့ ငဖဲမြို့နယ်၊ ပန်းထိမ်း ကျေး ရွာနေသူ ဦးသက်တင် (၄၇)နှစ် တစ်ဦးတည်း မောင်းနှင်လာသော ၂၃ယ/xxxxx SUMBO STAR WAVE 125 ဖြူနီကြားရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ၀ဲဘက်တွင် ပုံထားသည့် မြေနီပုံအား ၀င်ရောက်တိုက်မိ၍ ဦးသက်တင်မှာ အပြင်းအထန် ဒဏ်ရာများ ရရှိပြီး နေရာတွင် သေဆုံးသွားသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဦးသက်တင်အား ငဖဲမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၀/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment