Monday, November 30, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ ကျောက်တန်းကျေးရွာ အနောက်ဘက် (၆)ဖာလုံခန့် အကွာရှိ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်နေသူ ကျော်ဝင်းထွန်း (ခ)ဘိုဘို (၃၅)နှစ် ပိုင်ဆိုင်သည့် ကြက် မွေးမြူရေးခြံ အဟောင်းနှင့် ကပ်လျက်ရှိ အမှိုက်ပုံအား ဆေးလိပ်တို စွန့်ပစ်မီး မှတဆင့် ကြက်မွေးမြူရေး ခြံဟောင်းအား မီးကူး စက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။ 
အခင်းဖြစ်နေရာသို့ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင် (၁၂)ဦး၊ မင်းဘူး မြို့နယ် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့၊ မင်းဘူးမြို့နယ် မီးသတ်ဦးစီးမှူး နှင့်အဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင် များ၊ ကျေးရွာသူ/ သားများ၊ စုစုပေါင်း အင်အား (၃၅)ဦးခန့်တို့မှ မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက် ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ညနေ (၄)နာရီ (၅၀)မိနစ်အချိန် မီးလုံးဝ ငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျော်ဝင်းထွန်း(ခ) ဘိုဘို ပိုင်ဆိုင်သော အလျား (၁၆၀)ပေ၊ အနံ(၂၂) ပေရှိ ၀ါးခင်း/ကာ၊ သက္ကယ်မိုး၊ ကြက်မွေးမြူရေးခြံဟောင်း (တန်ဘိုး ၁၅၀၀၀၀ိ/-ခန့်) မီးလောင်ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ ကျော်ဝင်းထွန်း (ခ) ဘိုဘိုအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video