Monday, November 30, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သရက်ကန် ကျေးရွာနေသူ သရက်ကန်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းဌေး (၃၇)နှစ်သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် (၁၂)နာရီ အချိန် ခန့် နေအိမ်တွင်ရှိနေစဉ် အမျိုးသားတစ်ဦး ခရီးဆောင်အိတ် (၁)လုံး၊ လွယ်အိတ် (၁)လုံး လွယ်၍ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၄င်းမှ ဆီးချို၊ သွေးချို၊ လေဖြတ်ရောဂါများ ပျောက်သည့် ဆေးဝါး များ ရောင်း ချကြောင်း ပြောဆိုစဉ် အိမ်နီးချင်း ဒေါ်ခင်လှ ရောက်လာပြီး သွေးပေါင်ချိန်ပေးရန် ပြောသဖြင့် ၄င်းမှ သွေး ချိန်ပေး နေသည်ကို ကြည့်ပြီး မေးမြန်းစစ်ဆေး ခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ၄င်းအမျိုးသားသည် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးအား တရားမ၀င် ထုတ်လုပ် ရောင်းချကြောင်း၊ ၄င်းအမျိုးသားမှာ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ညောင်နွယ် (တောင်)ရွာနေသူ မျိုးနိုင်(ခ) စိုးကြီး (၃၇)နှစ် ဖြစ်ကြောင်း သိရပြီး ၄င်းပါလာ သည့် ခရီးဆောင်အိတ် အတွင်းမှ အမည်မသိ တိုင်းရင်းဆေးဝါး ထည့်သည့် ပလပ်စတစ်ဘူး ဆိုဒ်စုံ (၂၁)ဘူးနှင့် သွေးပေါင်ချိန်တိုင်း ကိရိယာ (၁)ခု၊ နားကျပ်(၁)ခု တို့အား တွေ့ရှိရသဖြင့် မှတ်ပုံတင် ထားခြင်း မရှိသည့် တိုင်းရင်း ဆေးဝါးများ တရားမ၀င် ကိုယ်တိုင်ထုတ်လုပ် ရောင်းချသူ မျိုးနိုင်(ခ) စိုးကြီးအား အရေးယူပေးပါရန် ဦးသိန်းဝင်းဌေးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၀/၂၀၁၅၊ တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ ၃၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video