Wednesday, December 2, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁ ရက်နေ့ ည (၉)နာရီခွဲအချိန်ခန့် ငဖဲမြို့နယ်၊ လေးအိမ်စုကျေးရွာအနီး ငဖဲ-စေတုတ္တရာ ကားလမ်း မိုင်တိုင် အမှတ် (၁၃/၇ နှင့် ၁၄/၀) အကြားတွင် ယာဉ်ပေါ်မှ အမျိုးသား တစ်ဦး ခုန်ချသဖြင့် ဒဏ်ရာရရှိမှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ကံသာကျေးရွာဘက်မှ လေးအိမ်စု ကျေးရွာ ဘက်သို့ ငဖဲမြို့နယ်၊ ချောင်းဖြူ ကျေးရွာနေသူ ယာဉ်မောင်း ဟိန်းစိုး (၁၉)နှစ် မောင်းနှင်သည့် ၉ဌ/xxxx LIFAN SKAT FAW ကျောက်သယ် အပြာရောင် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ငဖဲမြို့နယ်၊ ကံသာ ကျေး ရွာနေသူ ဇော်နိုင်ဦး (၁၆)နှစ်သည် ၎င်း၏ ဦးခေါင်းတွင် ဆောင်းထားသော ဦးထုပ်မှာ လွင့်ကျသဖြင့် ဦးထုပ်အား ဆင်းကောက်ရန် အတွက် ယာဉ်မောင်းအား ကားရပ်ပေးရန် အော်ပြော သော်လည်း ယာဉ်အား ရပ်တန့်ပေးခြင်း မရှိ၍ မောင်းနှင်နေသည့် ယာဉ်ပေါ်မှ ခုန်ချရာ ဇော်နိုင်ဦး တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မောင်း ဟိန်းစိုးအား ငဖဲမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video