Wednesday, December 2, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်ခန့် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအနီး ပခုက္ကူ-ဆိပ်ဖြူ ကားလမ်း မိုင်တိုင်အမှတ် (၂၄/၂)အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်း အရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း မြို့စိုး ကျေးရွာဘက်မှ ပေါက်တော ကျေးရွာဘက်သို့ ပခုက္ကူ မြို့နယ်၊ မြို့စိုးကျေးရွာနေသူ ဇော်မင်းဦး (၃၅)နှစ် မောင်းနှင်လာသော ၃၂ယ/xxxx TOHON 110 နီနက်ကြားရောင် ဆိုင်ကယ် သည် ပေါက်တော ကျေးရွာဘက်မှ မြို့စိုးကျေးရွာ ဘက်သို့ ပေါက်တော ကျေးရွာနေသူ ယာဉ်မောင်း ဦးညီညီလတ် (၄၈)နှစ် မောင်းနှင်လာသည့် 5F/xxxx SUZUKI CARRYDA63T အဖြူရောင် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ၀င်ရောက် တိုက်မိ၍ ဇော်မင်းဦးတွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ဇော်မင်းဦးအား ပခုက္ကူမြို့နယ်၊ မြစ်ခြေ နယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video