Wednesday, December 2, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁ ရက်နေ့ ည (၈)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ်ဆေးရုံ၌ ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် သေဆုံးသည့် လူနာတစ်ဦး ရောက်ရှိနေကြောင်း အကြောင်းကြားချက်အရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ည (၇)နာရီအချိန်ခန့်က မင်းဘူးမြို့နယ်၊ ချောင်းဖြူ ကျေးရွာနေသူ စိုးပိုင် (၃၂)နှစ် သည် မင်းလှမြို့နယ်၊ ဒဟတ်ပင်ရေနံမှော်ရှိ ၎င်းပိုင်ဆိုင်သည့် ရေနံတွင်းတွင် တစ်ဦးတည်း ရေနံတူးခပ်နေစဉ် အမြင့်ပေ (၁၅)ပေခန့်ရှိ သံပိုက် (၃)ချောင်းထောက် ရေနံတူးစင်ထိပ်မှ စက်သီးမှာ ကြိုးပြတ်၍ ၎င်း၏ ဦးခေါင်းပေါ်သို့ ပြုတ်ကျခဲ့ရာ စိုးပိုင်မှာ ဦးခေါင်းငယ်ထိပ် ပေါက်ပြဲ ကြေမွဒဏ်ရာ ရရှိသေဆုံး သွား ခဲ့ကြောင်း သေဆုံးသူ စိုးပိုင်၏ဇနီး မဇင်(၃၃)နှစ်မှ ပြောပြသိရှိရသဖြင့် ရေနံတူးခပ် လုပ်ငန်း ဆောင်ရွက်ရာ တွင် ပေါ့ဆစွာ ပြုလုပ်သူ စိုးပိုင်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၀၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video