Wednesday, December 2, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ (၅)နာရီခွဲအချိန်ခန့် ဂန့်ဂေါမြို့နယ်၊ ခေါင်းတုံကျေးရွာ မြောက်ဘက် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် (၉၆/၀ နှင့် ၉၆/၁) အကြားတွင် ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း မန္တလေးဘက်မှ ကလေးမြို့ဘက်သို့ ကလေးမြို့၊ အောင်မြေမာန် ရပ်ကွက်နေသူ ယာဉ်မောင်း မျိုးဇင်ဦး (၃၄)နှစ် မောင်းနှင်ပြီး တမူးမြို့၊ ဈေးတန်း(၂)ရပ်ကွက်နေသူ ယာဉ်နောက်လိုက် ဦးဂရေ့စ် (၅၃)နှစ် လိုက်ပါလာသည့် YGN/ 1J-8626 FUSO (၁၂)ဘီး ဦးခေါင်း နက်/ ကိုယ်ထည် အဖြူရောင် ယာဉ်သည် ကွမ်းသီးအိတ်များ တင်ဆောင် မောင်းနှင်လာစဉ် ယာဉ်၏ နောက်ဘီး တာယာများ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ဂန့်ဂေါ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင် (၇)ဦး၊ ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီး မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ ခေါင်းတုံ ကျေးရွာ သူ/သား (၅၀)ဦးခန့်တို့မှ မီးသတ်ယာဉ်(၂)စီးဖြင့် ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ (၅)နာရီ (၄)မိနစ်အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိဘဲ ယာဉ်နောက်ပိုင်းဝဲ/ယာ တာယာ(၈)လုံးနှင့် ယာဉ်ကိုယ်ထည်ကြမ်းခင်းများ မီးလောင်ကျွမ်း ခဲ့ရာ တန်ဘိုး (၁၃)သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် ယာဉ်မောင်း မျိုးဇင်ဦး အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video