Wednesday, December 2, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကံမမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁ ရက်နေ့ ည (၁၂)နာရီ (၁၅)မိနစ်အချိန်ခန့် မီးလောင်းမှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ကံမမြို့နယ်၊ ဆင်ဆွယ်မြောင် ကျေးရွာ အရှေ့ဘက် ကိုက်(၁၅၀)ခန့်အကွာ၊ ဆင်ဆွယ်မြောင် ကျေးရွာနေသူ ဦးသောင်းဝင်း (၅၀)နှစ်၏ လယ်(၇)ဧကခန့်မှ ရိတ်သိမ်းထားသည့် စပါး ကောက်လှိုင်းစည်းပုံအား ကံမမြို့နယ်၊ ဆင်ဆွယ်မြောင် ကျေးရွာနေသူ မောင်စန်း(ခ) စောထွန်း (၄၁)နှစ်မှ မီးရှို့ ထွက်ပြေးသွားခဲ့၍ ကောက်လှိုင်းစည်း (၁၅၀)ခန့် (တန်ဖိုး ၅၀၀၀၀ိ/-ခန့်) ဆုံးရှုံး ခဲ့ကြောင်း သိရှိရသဖြင့် ကောက်လှိုင်းစည်းပုံ မီးရှို့သူ မောင်စန်း(ခ) စောထွန်းအား ကံမမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video