Wednesday, December 2, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် 
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကုန်းဇောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည် (၁၂)နာရီ (၁၅)မိနစ် အချိန်ခန့်တွင် သတင်းအရ သက်သေများနှင့်အတူ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၁၇/၂၀၁၅)ဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွာသာကျေးရွာနေသူ မသင်းသင်းမူ (၄၂)နှစ်၏ နေအိမ်ဈေးဆိုင် အတွင်း ၀င်ရောက်ရှာဖွေရာ နှစ်လုံး/ သုံးလုံးထီ လောင်း ကစားရာတွင် အသုံးပြု သော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူ ရောရာ ၈၃၈၅၀ိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိပြီး မသင်းသင်းမူ နေအိမ်သို့ လောင်းကစား ပြုလုပ်ရန် ရောက်ရှိ နေသော ပွင့်ဖြူမြို့နယ်၊ ပန်းတုံးကြီးကျေး ရွာနေသူ ဦးသိန်းဇော် (၅၄)နှစ် ထံမှ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ဆက်စပ်ပစ္စည်း များအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြု လုပ်သူ မသင်းသင်းမူ နှင့် ဦးသိန်းဇော် တို့အား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း (ပ) ၅၄/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video