Wednesday, December 2, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် (၅)နာရီ အချိန်ခန့်တွင် သတင်းအရ သက်သေများ နှင့် အတူ ရေနံချောင်းမြို့၊ ကျောက်မဆင်ရပ်ကွက်ရှိ ဘုရားပွဲတော် လုံခြုံရေးတာဝန် ဆောင် ရွက် နေ စဉ် ချောက်မြို့နယ်၊ ဆားလယ်ကျွန်း ကျေးရွာနေသူ ပေတူး (၂၀)နှစ်သည် အရက်သေစာ သောက် စားမူးယစ်ပြီး အရိုးအသွား (၁၀)လက္မခန့်ရှိ ဓါးဦးချွန်အား ကိုင်ဆောင်ကာ ဘုရားပွဲခင်း အတွင်း ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ဓါးကိုင်ရမ်းကာသူ ပေတူးအား ရေနံချောင်း မြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်း (ပ)၇၈/၂၀၁၅၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(င) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video