Thursday, December 3, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ကလေး-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၁၂/၂ နှင့် ၁၂/၃ အကြား ဘော်ပြင်းကျေးရွာ တောင်ဘက်(၂)မိုင်ခန့်အကွာ ဝါးရှင်းချောင်း ကုန်းအဆင်းတွင် ၂.၁၂.၁၅ ရက်နေ့ ညနေ(၃)နာရီခွဲအချိန်ခန့်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကန်နယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ မန္တလေး-တမူးပြေးဆွဲနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စန္ဒကူး(၅)ရပ်ကွက်နေ စိုင်းဇော်မင်းဦး (၃၄)နှစ် မောင်းနှင်သည့် ၅ခ/xxx ၊ နံပါတ်ပါ ဖြူ/နီ/ခရမ်းရောင်၊ ဟီနိုးရိန်းဘို(၆)ဘီး''ထွန်းတောက်'' ခရီးသည် တင်ယာဉ်သည် မန္တလေးမြို့မှ တမူးမြို့သို့ ကုန်နှင့်ယာဉ်မောင်းပါ ခရီးသည် ကျား(၅)ဦး တင်ဆောင် မောင်းနှင်လာစဉ် ဝါးရှင်းချောင်း ကုန်းအဆင်းတွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း စိုင်းဇော်မင်းဦးနှင့် ယာဉ်ပေါ်ပါ ကလေး မြို့နယ်၊ ထိုမာရွာနေ ဦးမောင်ခင်(၅၆)နှစ်ပါ ခရီးသည် ကျား ၃ ဦးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စန္ဒကူး(၅) ရပ်ကွက်နေ ၊ မောင်အိုက်ငယ် (၃ဝ)နှစ်တွင် ဦးခေါင်း ယာဘက်ဂျိုစောင်း(၃)လက်မခန့် ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် ကန်တိုက်နယ်ဆေးရုံသို့ တက်ရောက် ကုသစဉ် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အား ၊ ပေါ့ဆစွာမောင်းနှင်သူ စိုင်းဇော်မင်းဦးအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း ယာဉ်(ပ) ၂၅/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video