Thursday, December 3, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာအနီး ကားလမ်းဆုံတွင် ဆိုင်ကယ် (၄)စီးနှင့် မသင်္ကာဖွယ်ရာ လူ(၄)ဦးရောက်ရှိနေကြောင်း သတင်းအရ ၂.၁၂.၂ဝ၁၅ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မင်းဘူးမြို့နယ်၊ မကျီးသုံးပင်ကျေးရွာနေ မျိုးမင်းထွန်း(၂ဝ)နှစ်၊ ခိုင်လေး (ခ)မြင့်ခိုင်၊ ၁၈နှစ် ၊ အေးချမ်းမောင်(၂၁)နှစ်နှင့် မင်းလှမြို့နယ်၊ ထန်းကိုင်း ရေနံမှော်နေ စိုးထွန်းနိုင် (၂၉)နှစ်တို့ (၄)ဦးအား နံပါတ်မပါ KENBO 125 ဆိုင်ကယ်(၁)စီး၊ KENBO 110 ဆိုင်ကယ်(၁)စီး၊ DAYANG 125 ဆိုင်ကယ် (၁)စီးနှင့် ZONG SHEN 150 ဆိုင်ကယ်(၁)စီး၊ စုစုပေါင်းဆိုင်ကယ် (၄)စီးတို့နှင့်အတူ တွေ့ရှိရပြီး ၎င်းတို့ အား စစ်ဆေးရာ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်များနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် အခြား တစ်နေရာမှ ခိုးယူလာသည့်ဟု မသင်္ကာသဖြင့် မျိုးမင်းထွန်းပါ (၄)ဦးတို့အား ပွင့်ဖြူမြို့နယ်၊ မြို့မ ရဲစခန်း (ပ)၁၉၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video