၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ရေလာကျေးရွာတွင် ၂.၁၂.၂ဝ၁၅ ရက်နေ့ ည(၇)နာရီ ခွဲအချိန်ခန့်တွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ ဂွေးပင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းကျေးရွာနေ ဦးဇော်ထွန်း၏သမီး များဖြစ်ကြသောမဖြူစင်ထွန်း (၁၁)နှစ်နှင့် မအေးသန္တာထွန်း(၆)နှစ်တို့သည် ကျေးရွာထိပ်ရှိ အကျယ်ပေ ၁ဝဝဝ ပတ်လည်၊ အမြင့် ၃၅ ပေ၊ အနက် ၂၅ပေခန့်ရှိသော အများသောက်/သုံး ရေကန်သို့ ရေဆင်းခပ်စဉ် မဖြူစင်ထွန်းမှာ ရွှံ့ထဲခြေချော်လဲပြီး ရေနစ်နေ ကြောင်း သမီးငယ်ဖြစ်သူ မအေးသန္တာထွန်းမှ လာရောက်ပြော ဆို၍ ဖခင် ဦးဇော်ထွန်း၊ မိခင် ဒေါ်မိုးနိုင်၊ ရပ်မိရပ်ဖများနှင့် ရေကန်သို့ သွားရောက် ဆယ်ယူရာတွင် ရေကန်စပ်နှင့် (၆)ပေအကွာ၊ ရေအနက် (၅)ပေခန့်၌ မဖြူစင်ထွန်းအား တွေ့ရှိ ပြီးဆယ်ယူ၍ ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူ လာစဉ် လမ်းတွင် သေဆုံးသွား ကြောင်း စစ်ဆေးသိရှိရ သဖြင့် မဖြူစင်ထွန်း သေဆုံး ခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂ဝ၁၅)ဖြင့် ရေးဖွင့်ဆောင်

ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment