၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၃ ရက်နေ့ ည (၉)နာရီအချိန်ခန့် ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာ၊ အထက ကျောင်းရှေ့၊ မဲဇလီ-ကျောင်း ကုန်းကြီး -ရှောက်တောရွာသွား ကျေးရွာချင်းဆက် မြေနီလမ်းပေါ်တွင် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စစ်ဆေးချက်အရ အဆိုပါလမ်းအတိုင်း မဲဇလီရွာဘက်မှ ရှောက်တောရွာ ဘက်သို့ ကျောင်းကုန်းကြီး ကျေး ရွာနေသူ မျိုးနိုင်ဦး (၂၃)နှစ် မောင်းနှင် လာသော JIAFA 110 အနက်ရောင်ဆိုင်ကယ် အား ၎င်းလမ်း အတိုင်း ရှောက်တောရွာဘက်မှ မဲဇလီရွာဘက်သို့ တစ်ရွာတည်းနေ ရဲနိုင်စိုး (၁၉)နှစ် မောင်းနှင်လာသည့် ၃၂ယ/xxxx ရင်စင်း ၁၁၀ အနက်ရောင် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက် ယာဉ်ကြောသို့ မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့ရာ ရဲနိုင်စိုးတွင် ဒဏ်ရာများ ရရှိခဲ့ပြီး မျိုးနိုင်ဦးမှာ အပြင်းအထန် ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ရဲနိုင်စိုးအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၆၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:
Post a Comment