Friday, December 4, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ (၄)နာရီ မိနစ်(၂၀)အချိန်ခန့် မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်၊ မင်းဘူး-စကု ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း စကုမြို့ဘက်မှ မင်းဘူးမြို့တွင်းဘက်သို့ စေတုတ္တရာမြို့နယ်၊ ဖအိုင်း ကျေးရွာနေသူ ယာဉ်မောင်း သိန်းဖေ (၄၃)နှစ် မောင်းနှင်လာသော 2G/xxxx Canter အဖြူရောင် ယာဉ်သည် နောက်ယာဉ် မရှင်းဘဲ လမ်းဝဲဘက်သို့ ချိုးကွေ့စဉ် ၄င်းလမ်းအတိုင်း စကုဘက်မှ မင်းဘူး ဘက်သို့ မင်းလှမြို့နယ်၊ အုတ်ပုံကျေးရွာနေသူ ငြိမ်းချမ်းအောင် (၂၆)နှစ် မောင်းနှင်လာသည့် ၂၉ယ/xxxxx Dayang 125 အနက်ရောင် ဆိုင်ကယ်နှင့် တိုက်မိခဲ့ရာ ငြိမ်းချမ်းအောင်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သိန်းဖေ အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video