၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ (၄)နာရီ (၅၀)မိနစ်အချိန်ခန့် ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာနှင့် ကောင်းတုံရွာအကြား၊ ပုလဲ-ဂန့်ဂေါ သွားကားလမ်း မိုင်တိုင်အမှတ် ၉၃/၅နှင့် ၉၃/၄ အကြား ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ပခုက္ကူမြို့မှ ဂန့်ဂေါမြို့သို့ ရေနံချောင်းမြို့၊ သံကန်ကုန်း ရပ်ကွက်နေသူ ယာဉ်မောင်း အောင်ကိုကိုဦး (၃၃)နှစ် မောင်းနှင်လာသည့် 4F/xxxx PARADO မဲပြာ ခါးပတ်ကြားရောင် ယာဉ်သည် ညောင်လယ်ရွာနှင့် ကောင်းတုံရွာကြား ကုန်းအဆင်း အရောက် တွင် မိုးရွာပြီး လမ်းပေါ်ရှိ ရွံ့စေးမြေများကြောင့် ကားဘီးချော်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် တောင်ကုန်း ကမ်းပါးယံနှင့် ပွတ်တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း အောင်ကိုကိုဦးတွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်ကိုကိုဦး အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှု ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment