Sunday, December 6, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ လ (၅)ရက်နေ့ ည(၁၀)အချိန်ခန့် ချောက်မြို့နယ်၊ ကန်ရေလေးကျေးရွာ အနီးတွင် မြေနီခဲများပိ၍ လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ကန်ရေလေးကျေးရွာအတွင်း လမ်းခင်းရန်အတွက် ကန်ရေလေးကျေးရွာ အနောက်ဘက် (၅)ဖာလုံခန့်အကွာ၊ ကန်ရေလေးရွာ- ကန်သာရွာသွား မြေနီလမ်းဘေးရှိ အမြင့် (၆)ပေခန့်မြင့်သော မြေကမူ ၌ ကျောက်စရစ်ခဲများ တူးဖော်ရန် ရွာသူ/သား (၅၀)ဦးခန့်မှ စုပေါင်း ၀ိုင်းဝန်း တူးဖော်နေစဉ် မြေနီခဲတုံးကြီး များ ပြိုကျ၍ ကန်ရေလေး ကျေးရွာနေသူ သန်းထိုက် (၂၉)နှစ်၏ အပေါ်သို့ မြေနီခဲတုံးများပိကျကာ ဒဏ်ရာများ ရရှိပြီး အခင်းဖြစ် နေရာတွင် သေဆုံး သွားကြောင်း သိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓဓ္မာအတိုင်း သေ ဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video