၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ (၁၇) လမ်းထိပ်၊ ပြည် လမ်းပေါ်တွင် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ (၄း၅၀) အချိန်ခန့်တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား ကြောင်း သတင်း အရ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အောင်လံ မြို့နယ်၊ ဂုံတောစံပြကျေးရွာနေ ဟန်ဇော်ထွန်း(၂၉)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဇွဲနိုင်ဝင်း (၂၁)နှစ် လိုက်ပါလာသည့် နံပါတ်မပါ NEWMOLISA 125 ဆိုင်ကယ် သည် အောင်လံမြို့ ၊ ဇေယျဝတီရပ် ကွက်နေ အုန်းဟန်(၄၂)နှစ် မောင်းနှင်ပြီး နောက်မှညီမဖြစ်သူ မအေးအေးခိုင်(၃ဝ)နှစ် လိုက်ပါလာသည့် WONLONSMASH 110 ဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိရာ ဟန်ဇော်ထွန်းတွင် နှာခေါင်း၊ ပါးစပ်နှင့် နားနှစ်ဘက်မှသွေးထွက်၊ ဦးခေါင်း နောက်စေ့ ဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားပြီး ဇွဲနိုင်ဝင်း၊ အုန်းဟန်နှင့် မအေးအေးခိုင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဟန်ဇော်ထွန်းအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၇၂/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment