Monday, December 7, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဟန်ထွန်းချို အဖွဲ့နှင့် ဗဟင်းနယ်မြေရဲစခန်းမှူးပါ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်တွင် သက်သေများနှင့်အတူ သတင်းအရ သီတုံးကျေးရွာမှ မြိုင်-ဗဟင်း ကားလမ်းမပေါ် တွင် သွားရောက် စစ်ဆေး ရာ မြိုင်မြို့နယ်၊ သီတုံးကျေးရွာနေ ဇော်ပွင့်(၂၅)နှစ် မောင်းနှင် လာသည့် 5A/xxxx အပြာရောင်(၆)ဘီးယာဉ် အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ကျွန်းသစ်ခွဲသား (၄)ချောင်း (ဝ.၆၂၂၄ တန်) နှင့် အင်ကြင်းခွဲသား (၁)ချောင်း (ဝ.၁၆၂၄ တန်)၊ စုစုပေါင်းတန်ဖိုး ၁၇၉,၉၆ဝိ/-အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဇော်ပွင့်အား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း (ပ)၉၁/၂ဝ၁၅၊ သစ်တောဥပဒေပုဒ်မ ၄၃(က)/၄၂(ခ) အရ အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်(၄)နာရီခွဲအချိန်ခန့်တွင် မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ နယ်မြေတာဝန်ခံပါ (၅)ဦးနှင့် စိုင်းကောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ သစ်လှကျင်း ကျေးရွာမြောက်ဘက် (၁)ဖာလုံခန့်ရှိ ရွာဝင်လမ်း တွင် သွားရောက် စစ်ဆေးခဲ့ရာ ဥတ္တရသီရိမြို့နယ်၊ လဲဝန်းကျေးရွာနေသူ ကိုချစ်(၂၃)နှစ် မောင်းနှင် ပြီး တစ်ရွာ တည်းနေ မောင်ဇော် (၃ဝ)နှစ် လိုက်ပါလာသည့် 3C/xxxx နံပါတ်ပါ ISUZU BIGHORN အစိမ်းရောင် (၄)ဘီး ယာဉ်နှင့် တပ်ကုန်းမြို့နယ်၊ တပ်ရှိန်းကျေးရွာနေ တင့်လွင်(ခ)ကိုငယ်(၂၅)နှစ် မောင်းနှင်ပြီး တစ်ရွာ တည်းနေ အောင်မြင့်ဦး(၄၁)နှစ် လိုက်ပါလာသည့် 3E/xxxx နံပါတ်ပါ CHARIOT MISUBASHI အဖြူရောင် (၄)ဘီး ယာဉ်တို့အား ရပ်တန့်စစ်ဆေးရာ 3C/xxxx ယာဉ်ပေါ်မှ ကျွန်းသစ်ခွဲသား(၃၃)တုံး (ဝ.၆၄ဝ၈ တန်)နှင့် 3E/7190 နံပါတ်ပါ ယာဉ်ပေါ်မှ ကျွန်းသစ်ခွဲသား(၁၈)တုံး (ဝ.၃၈ဝ၈ တန်)၊ စုစုပေါင်းတန်ဖိုး ၁၆၃,၄၅၆ိ/- အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ကိုချစ်ပါ(၄)ဦးတို့အား  စိုင်ကောင်းနယ်မြေရဲစခန်း (ပ) ၄၈/၂ဝ၁၅၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။ 






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video