Tuesday, December 8, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ၁၂၉ စတိုးဆိုင်အရှေ့ဘက် တိုက်ဝါကြီးလမ်းဘေးတွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်နေ စိုးဝင်းဌေး (၃၄)နှစ်၊ ရွှေအိုး(၂)ရပ်ကွက်နေ ကိုဌေး (၂၆)နှစ်၊ အုန်းတော(၁)ရပ်ကွက်နေ ထွန်းထွန်းအောင် (၂၄)နှစ်၊ ရွှေအိုး(၂)ရပ်ကွက်နေ စိုးညွန့်အောင် (၃၆)နှစ်နှင့် ရွှေအိုး(၁)နေ သက်နိုင် (၄၉)နှစ် တို့(၅)ဦးအား ဒိုးဆက်လောင်းကစား နေကြသည်ကို တွေ့ရှိရပြီး ဒိုးဆက်လောင်းကစားရာတွင် အသုံးပြုသော ပစ္စည်း များနှင့် လောင်းကြေး ငွေစက္ကူရောရာ ၁၆,၉၅ဝိ/-တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် စိုးဝင်းဌေးပါ (၅)ဦးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၆၆/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video