Thursday, November 26, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန် အမှတ်(၃) ရပ်ကွက်အတွင်း ဆိုင်ကယ် (၁)စီးအား ဈေးနှုန်း ချိုသာစွာဖြင့် လိုက်လံရောင်းချ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွား ရောက် စစ်ဆေးရာ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိစန္ဒာလမ်းတွင် ပခုက္ကူမြို့၊ မြို့သစ် ရပ်ကွက် နေသူ ယာဉ်မောင်း မောင်မောင်ထွန်း (၄၃)နှစ်အား KENBO-110 အစိမ်းပုတ်ရောင် ဆိုင်ကယ် (၁)စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိရပြီး ၄င်းဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ သဖြင့် မောင်မောင်ထွန်းအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၄၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video