၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ (၃)နာရီအချိန် သတင်းအရ သက်သေများ နှင့်အတူ မကွေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၁၆/၂၀၁၅) ဖြင့် မကွေးမြို့နယ်၊ နွားကူးကျေး ရွာနေသူ မ၀ါနု (၂၈)နှစ်၏ နေအိမ်အတွင်း ၀င်ရောက် ရှာဖွေရာ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာအုပ်၊ စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၁၀၃၈၀၀ိ/- တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ မ၀ါနုအား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၉၃/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment