Thursday, November 26, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် 
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ (၇)နာရီအချိန်ခန့် ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာမြောက်ဘက် (၁)ဖာလုံ ခန့်အကွာ၊ ဂန့်ဂေါ-ကလေးသွား ကားလမ်း မိုင်တိုင်အမှတ် ၁၁၃/၇ နှင့် ၁၁၃/၆ အကြားတွင် ဆိုင်ကယ် တိမ်းမှောက် မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာ ဘက်မှ ဂန့်ဂေါမြို့ ဘက်သို့ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်နေသူ ဒေါ်ခင်ကြည် (၅၀)နှစ် မောင်းနှင်ပြီး နောက်မှ ခင်ပွန်းဖြစ်သူ ဦးတွာသောင်း (၅၅)နှစ် ထိုင်စီးလိုက်ပါ လာသော LONCIN-110 အနက်ရောင် ဆိုင်ကယ်သည် လမ်း၏ယာဘက်မှ ကားလမ်းပေါ်သို့ ပြေးတက် လာသော နွား(၅)ကောင် ခန့်အနက်မှ တစ်ကောင် အား အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှင့် ၀င်တိုက်မိပြီး ဆိုင်ကယ် တိမ်းမှောက်ရာ ဒေါ်ခင်ကြည်မှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးတွာသောင်းမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင် သူ ဒေါ်ခင်ကြည်အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video