Thursday, November 26, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ (၆)နာရီအချိန်ခန့် တောင်တွင်းကြီးမြို့နယ်၊ တဲကြီးကုန်း ကျေးရွာနေသူ ဦးထွန်းလှိုင် (၅၄)နှစ်၏ နေအိမ်တွင် ဦးထွန်းလှိုင်၏ ဇနီးဖြစ်သူ ဒေါ်စိုးကြည် (၅၃)နှစ်မှာ ရုတ်တရက် သေဆုံး ပြီး အလောင်း အား ရေချိုးပြင်ဆင်ထားသဖြင့် ကျေးရွာအတွင်းရှိ ရွာသူ/သားများမှ မသင်္ကာကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့မှတစ်ဆင့် ရဲစခန်းသို့ အကြောင်းကြားချက်အရ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိ ပါသည်။

စစ်ဆေးချက်အရ သေဆုံးသူ ဒေါ်စိုးကြည်သည် ၂၃.၁၁.၂၀၁၅ ရက်နေ့ ညနေ (၆)နာရီ အချိန်ခန့်က ခင်ပွန်းဖြစ်သူ ဦးထွန်းလှိုင်နှင့် အရက်အတူ သောက်ပြီး စကားများရန်ဖြစ်ကာ ဦးထွန်းလှိုင်မှာ အိပ်ပျော် သွားခဲ့ကြောင်း၊ ၂၄.၁၁.၂၀၁၅ ရက်နေ့ ၀၄၀၀ အချိန် ဒေါ်စိုးကြည်အား မတွေ့၍ လိုက်လံကြည့် ရာ နေအိမ်မြောက် ဘက် (၁၀)ပေခန့် အကွာတွင် ဒေါ်စိုးကြည်မှာ ပက်လက်အနေ အထား နှင့် သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် ဒေါ်စိုးကြည် အလောင်းအား နေအိမ်၌ ညီမဖြစ်သူ ဒေါ်ငွေလှိုင် တို့နှင့် အတူ ရေချိုးပြင်ဆင် ထားခဲ့ကြောင်း ပြောပြသိရသဖြင့် အလောင်းအား စစ်ဆေး ရာ သေဆုံးသူ ဒေါ်စိုးကြည် ၏ လည်ပင်းတွင် ညိုမဲဒဏ်ရာ တွေ့ရှိရ၍ သေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန် အ တွက် တောင်တွင်းကြီးမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၅) ဖြင့် သတင်းချက်ရေး ဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ဆက်လက်၍ ၂၅.၁၁.၂၀၁၅ ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန် ဒေါ်စိုးကြည် အလောင်းအား တောင်တွင်းကြီး မြို့နယ် ဆေးရုံတွင် ရင်ခွဲစစ်ဆေးရာ ဆရာဝန်၏ ထင်မြင်ယူဆချက်အရ သေဆုံးသူ မှာ လည်ပင်းရှေ့ရှိ ညိုမဲ ဒဏ်ရာကြောင့် လေပြွန်အရိုးနုကျိုးကာ ဦးနှောက်အတွင်း အောက်ဆီဂျင် ပြတ်၍ မျက်နှာတစ်ခုလုံး ပုံမှန် ထက် ရောင်ရမ်းညိုမဲပြီး သေဆုံးရခြင်းဖြစ်သည်ဟု သိရှိရသဖြင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း မသင်္ကာသဖြင့် ဒေါ်စိုးကြည်ကို သတ်သူအား စုံစမ်းဖော်ထုတ် အရေးယူ နိုင်ရန် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၅၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုရေးဖွင့်ထားရှိပြီး မသင်္ကာတရားခံ ဒေါ်စိုးကြည်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းလှိုင်အား အမှုဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video