Wednesday, November 25, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲအုပ် ဇော်ဌေးလွင်နှင့် အဖွဲ့ သည် သက်သေများနှင့်အတူ မြို့ဟောင်းရပ်ကွက်နေ မခင်သူဇာဝင်း(၄၁)နှစ်၏နေအိမ်အား မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၆၉/၂ဝ၁၅ ဖြင့် ၂၄.၁၁.၂ဝ၁၅ ရက်နေ့ နံနက် (၁၁း၂၀)အချိန် ခန့်တွင် ဝင်ရောက်ရှာဖွေရာ မခင်သူဇာဝင်းအား နေအိမ် နောက်ဖေးအဖီ အောက်ရှိနှစ်ယောက်ထိုင် စတီခုံ အဟောင်းပေါ်တွင်ထိုင်လျှက် နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်စာရွက်စာတမ်း ကိရိယာများနှင့် လောင်းကြေးငွေ ၁၃,၉ဝဝိ/-တို့နှင့်အတူတွေ့ရှိ သိမ်း ဆည်းရမိသဖြင့် နှစ်လုံးထီလောင်း ကစားပြုလုပ်သူ မခင်သူဇာဝင်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၃၂/၂ဝ၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video