၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာ တောင်ဘက်ရထားလမ်းကူး နေရာ၌ ရထားနှင့် ထော်လာဂျီယာဉ်တို့ ၂၄.၁၁.၂ဝ၁၅ ရက်နေ့ နံနက် (၇း၄၅) အချိန်ခန့်တွင် တိုက်မိကြောင်း သတင်းအရ ရေစကြိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွား ရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပခုက္ကူ-မန္တလေးသွားရထားလမ်းပေါ် ပခန်းကြီးနှင့် ရေစကြိုဘူတာအကြား၊ ရထားလမ်း မိုင်တိုင် ၄၇၂/၁၁ နှင့် ၄၇၂/၁၂ ကြား ရထားလမ်းကူးနေရာတွင် ပခုက္ကူမှ မန္တလေးသွားအမှတ် (၁၃၆) အစုန်လူစီး အမြန်ရထားအား ခင်မွန်ကျေးရွာဘက်မှ ရေစကြိုဘက်သို့ ရေစကြိုမြို့နယ်၊ခင်မွန် ကျေးရွာနေ တင်စန်းဝင်း (၃၃)နှစ်မောင်းနှင်လာသော နံပါတ်မပါ CHANG CHAN 188D185 LE-NGING အစိမ်းရောင် ထော်လာဂျီ ယာဉ်သည် ရထားလမ်းကူးပေါ်အရောက် ရထားလာနေသည်ကို မြင်၍နောက်ပြန်ဆုတ်ရာ ရထားနှင့် မလွတ်ဘဲ ရထားဦးခေါင်းဝဲဘက်ခြမ်းအားတိုက်မိကာထော်လာဂျီ ယာဉ်မှာ ရထားလမ်းမှမြောက် ဘက် ပေ(၆ဝ)ခန့်အထိချိတ်ပါသွားပြီး ထော်လာဂျီယာဉ် ယာဉ်မောင်း နှင့်ရထားပေါ်ပါခရီးသည်များ ထိခိုက် ဒဏ်ရာရမှုမရှိဘဲ ထော်လာဂျီယာဉ်၏ ဝဲဘက်တံခါးနှင့် နောက် ကြည့်မှန်တို့ပျက်စီးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထော်လာဂျီယာဉ်အား မဆင်မခြင် မောင်း နှင်ပြီး ရထားဖြင့်ချိတ်မိစေသူ ရေစကြို မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၄၁/၂ဝ၁၅၊ မီးရထားအက် ဥပဒေ ပုဒ်မ ၁၂၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိပါသည်။
0 comments:
Post a Comment