Wednesday, November 25, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ၊ ပခုက္ကူ-မုံရွာ ကားလမ်းမကြီး ဘေး လမ်းဘေးတွင်ကပ်လျှက်ဆောက်လုပ်ထားသော မခင်စန်းလွင်၊ (၂၄)နှစ်၏အကြော်ဆိုင်၏ (၁ဝ)ပေ ပတ်လည် ရှေ့မျက်နှာစာအမြင့်(၆)ပေ၊ နောက်ဘက်မြေမှ(၁)ပေခန့်အကွာဖြင့် တစ်ဘက်နိမ့် ဆောက် လုပ်ထားသော ဝါးလုံးတိုင်၊ ထန်းလက်မိုး အကြော်တဲငယ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ယင်းနေ့ နံနက် (၁)နာရီအချိန်ခန့်တွင် စတင်လောင်ကျွမ်းရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ နေပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၃ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အကြော်တဲ (၁)လုံး(တန်ဘိုး ၃,ဝဝဝိ/-ခန့်) ဆုံးရှုံးသွားကြောင်းသိရှိရသည်။ ဖြစ်စဉ်အားစစ်ဆေးရာ မခင်စန်းလွင်၊ (၂၄)နှစ်သည် ၎င်းတဲတွင် အကြော်ရောင်းပြီးနောက် ဆိုင် သိမ်း၍ နေအိမ်သို့ပြန်သွားခဲ့ရာ အကြော်တဲမှ မီးဖိုအား မီးငြှိမ်းသတ်ထားခဲ့ခြင်းမရှိသောကြောင့် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် တဲအနောက်ဘက်အမိုး အား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ မီးပေါ့ဆစွာသုံးစွဲသူ မခင်စန်းလွင်အား ရေစကြို မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၄၂/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video