၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဒင်းပုန်းကျေးရွာတွင် ယင်းနေ့နံနက် ၁၀ နာရီခွဲ အချိန် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဆင်ပေါင်ဝဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ၃ စီး၊ အောင်လံမြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့်မီးသတ်ယာဉ် ၂ စီးတို့မှသွားရောက်ခဲ့ရာ ၁၁ နာရီအချိန် ရောက်ရှိပြီး ကျေးရွာနေပြည်သူ များနှင့် အတူ မီးငြိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီအချိန် မီးငြိမ်း သွားခဲ့သည်။
မီးလောင်မှုကြောင့် (၄)ပင်အိမ်(၅)လုံး၊ (၃)ပင်အိမ်(၇)လုံး၊ စုစုပေါင်း အိမ်ခြေ(၁၂)လုံး၊ စုစုပေါင်း တန်ဘိုး (၂,၅၈၁,၂ဝဝိ/-)ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု ၁၂ စုမှ ကျား ၃ဝ ဦး၊ မ ၂၁ ဦး၊ ပေါင်း ၅၁ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် နေထိုင်ရကြောင်းသိရှိရသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ဒင်းပုန်းကျေးရွာနေ ဒေါ်တင်မြ(၈၈)နှစ်၏ နေအိမ်အပေါ်ထပ်ရှိ မီးကြွင်း မီးကျန်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်မြ အားဆင်ပေါင်ဝဲ မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၆/ ၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment