Tuesday, October 27, 2015


ငဖဲ အောက်တိုဘာ ၂၆
ငဖဲမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၁၅-၂၀၁၆ ပညာသင် နှစ် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တို့၏ကျောင်းနေ သား/သမီးများထောက်ပံ့ကြေး ထပ်ဆင့်  ပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက် ၉ နာရီက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ငဖဲမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးကံပန်းမှ ၂၀၁၅-၂၀၁၆ပညာသင်နှစ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ကျောင်းနေသား/သမီး များအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့်အသက်(၇၅)နှစ်အထက်စစ်မှုထမ်းဟောင်းများ တပ်မတော်တွင်ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သူစစ်မှုထမ်း ဟောင်း ၃ ဦးနှင့် စစ်မှုထမ်းဟောင်းကွန်လွန်ပြီး ပင်စင်လစာ ဆက်လက် ခံစားခွင့်မရှိတော့သော မိသားစုဝင်များ ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၅၃)ဦးအား ထောက်ပံ့ကြေးနှင့် ပစ္စည်းများကို လည်းကောင်း၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ကျောင်းနေသား/သမီးများ (ထက်၊လယ်၊မူ)အဆင့် ကျောင်းသား ကျောင်းသူ(၂၄)ဦးအား ပညာသင်ထောက်ပံ့ကြေးများ
 ပေးအပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video