Tuesday, October 27, 2015


ချောက် အောက်တိုဘာ ၂၅ရက်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ ဗုဒ္စဘာသာကလျာဏယုဝအသင်း(YMBA) သတ္ထတိံသ (၃၇)ကြိမ်မြောက်ဓမ္မပူဇာ ဆုနှင်းသဘင်အခမ်းအနားကိုအမှတ်(၁၁)နယ်မြေဗဟိုကွက်သစ် ရပသာသနာ့ဗိမာန်တော်၌ယနေ့နေလည်(၁၃း၀၀)နာရီအချိန်ကကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင်ချောက်မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ရွှေပုံတောင်ဆရာတော်

ဘဒန္ထတိက္ခသာရမှသြဝါဒကထာမြွက်ကြားခြင်း၊ချောက်မြို့ဗုဒ္စဘာသာကလျာဏယုဝါအသင်း(YMBA)
အသင်းခွဲ(၂၀)ဥက္ကဌ ဦးစိုးနား(မဟာမင်္ဂလာသဒ္စမ္မ ဇောတိကဓဇ)မှမိတ်ဆက်စကားပြော
ကြားခြင်း၊ရန်ကုန်မြို့ ဗုဒ္စဘာသာကလျဏယုဝါအသင်းချုပ်(YMBA)ဥက္ကဌ၏
သဝဏ်လွှာကိုချောက်မြို့အသင်းအတွင်းရေးမှူးဦးမြင့်သူမှဖတ်ကြားခြင်း မြို့နယ်ထွေအုပ်ရုးံ ဒုဦးစီးမှူး ဦးမျိုးမင်းအောင်မှအမှစကားပြောကြားပြီးနောက် ၊ မြို့နယ်သာသနာရေးဦးစီးဌာန ဦးမြင့်အောင်မှလည်း ပရိယတ္ထိသာသနာနှင့် စပ်လျဉ်း၍ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မင်္ဂလာ တရားတော်နှင့် ဗုဒ္စဝင် စာမေးပွဲပထမအဆင့်အငယ်တန်းဗဟိုထူးချွန်ဆု ရသူ အမှတ်(၁)အထက မှ မဆောင်းဟေမာန်သွင်၏မင်္ဂလာ ဗုဒ္စဝင်သင်ကြားရခြင်း အကျိုးကျေးဇူးပြော ကြားခြင်း၊၂၀၁၄-၂၀၁၅ပညာသင်နစ်တက္ကသိုလ်ဝင်တန်းမြန်မာစာထူးချွန်ဆုရသူ အမှတ်(၁)အထ
ကမှ မမေငြိမ်းချမ်းညီမှကျေးဇူးတင်စကားပြောကြားခြင်းနှင့် သာသနာဗိမာန်
ဆုတောင်ပြည့်မြတ်စွာဘုရားအလှုငွေလှုဒါန်းခြင်းနှင့်လှုဒါန်းသူများအားကျေး
ဇူးတင်မှတ်တမ်းလွှာချီးမြှင့်ခဲ့ကြောင်းသိရသည်။
ယင်းနောက်မင်္ဂလာတရားတော်နှင့်ဗုဒ္စဝင်သင်တန်းများတည်တံ့ခိုင်မြဲစေရန်အဖက်ဖက်မှနှစ်ရှည် လများအကျိုးဆောင်သူများအားဂုဏ်ပြုတံဆိပ်နှင့်အတူမှတ်တမ်းလွှာများချီးမြှင့်ပေးခဲ့ပြီးနောက်

(ဆသာဠိ-၆၆)ကြိမ်မြောက်မင်္ဂလာတရားတော်ဗဟိုထူးချွန်ဆုရ၊ဗဟိုအထူးအောင်မြင်သူ 
ရိုးရိုးအောင်မြင်သူကျောင်းသား/သူများ၊၂၀၁၄-၂၀၁၅တက္ကသိုလ်ဝင်တန်းစာမေးပွဲမြန်မာစာ
ထူးချွန်ဆုရသူများနှင့်(ဧကူ နဝီသတိ-၁၉)ကြိမ်မြောက်စာစီစာကုံးပြိုင်ပွဲဆုရရှိ
သူများအပါအဝင်ပေါင်း(၃၃၄)ဦးအားအသင်းတာဝန်ရှိသူများ အကျိုးတော်
ဆောင်များ ဌာနဆိုင်ရာအကြီးအကဲများမှ အသီးသီးဆုချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video