Tuesday, October 27, 2015



သရက် အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ၂၀၁၅ခုနှစ်
အောက်တိုဘာ ၁၂ ရက်ညက မိုသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပွန်းကြီးချောင်းရေ ရုတ်တရက် စီးဆင်းတိုက်စားမှု့ကြောင့် သရက်-မင်းလှ လမ်း မိုင်၁၄/၄ နှင့် ၁၄/၅ကြားရှိ တံတားအမှတ် ၄/၁၅ တုတ်ကိုင်း တံတား ပေအရှည် (၂၄၀)ပေ ဘေလီ သံဘောင်နှင့် တံတားကြမ်းခင်း များ ချောင်ရေဖြင့် မျှောပါသွားခဲ့သဖြင့်လမ်းပန်းဆက်သွယ်မှု့ ပြတ်တောက်သွား ခဲ့ကြောင်း သိရသည်။
အဆိုပါတံတား ဖြစ်ပွါးမှု့အပေါ်သက်ဆိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ အင်ဂျင်နီယာချုပ်များ၊မကွေးတိုင်းလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့မှ လာရောက်ကြည့်ရှု့ကြပြီး ညွှန်ကြားမှု့အပေါ် တံတားပြန်လည်ပြင်ဆင်မှု့အား
၂၀၁၅ခုနှစ် အောက်တိုဘာ(၁၃)ရက် နေ့မှ စတင်ဆောင်ရွက်ရာ ၂၀၁၅ခုနှစ် အောက်တိုဘာ (၂၅)ရက်တွင် ပြန်လည်ကောင်းမွန် သဖြင့် သရက်-မင်းလှ လမ်းပေါ်ရှိ ပျက်စီးသွားသည့် ရေကျော်များလည်း ပြင်ဆင်ပြီး
ဖြစ်သဖြင့်သရက်-မင်းလှလမ်းပိုင်းမှာလမ်းပန်းဆက်သွယ်မှု့
ပြတ်တောက်ခြင်း မရှိ ယာဉ်ငယ်များ ယနေ့ နံနက်ပိုင်းက အဆင်ပြေစွာ သွားလာ လျှက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video