Friday, September 11, 2015
3:39 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ စက်တင်ဘာ ၁၀
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် ယင်းမြို့၏စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာအထက် ၁၈ စင်တီမီတာ(၂၁၆၈စင်တီမီတာ)သို့ရောက်ရှိနေကြောင်းစက်တင်ဘာ၁၀ရက်နံနက်၉နာရီခွဲအချိန်တိုင်း
ထွာချက်များအရသိရသည်။ဧရာဝတီမြစ်ရေဝင်ရောက်လာမှုကြောင့် စက်တင်ဘာလ ၉ ရက်နေ့အထိအခြေခံပညာကျောင်း၄၀ကျောင်းယာယီပိတ် ထားကြောင်း ပခုက္ကူမြို့နယ် ပညာရေးမှူးရုံး ထံမှစုံစမ်းသိရှိရသည်။ ဧရာဝတီမြစ်ရေ မြင့်တက်လာနိုင်ကြောင်း စက်တင်ဘာ ၇ ရက်မှစ၍ တယ်လီဖုန်း Message များဖြင့် Call ceter မှအသိပေးနှိုးဆော်ထားသကဲ့သို့မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာအသံနှင့်FM များမှလည်းနေ့စဉ် သတင်းထုတ်ပြန်အသိပေးလျက်ရှိသည်။
ဧရာဝတီမြစ်ရေသည် ယခုတစ်ကြိမ်ဝင်ရောက်ရာ၌ တဖြည်းဖြည်းမြင့် တက်လာကြောင်း၊
နောက်ထပ်တစ်ပေခန့်တက်ပါကယခင်ရေမှီနိုင်ကြောင်း ၊ယခင်တစ်ကြိမ်မြစ်ရေကြီးသကဲ့သို့ အတက်မကြမ်းကြောင်း၊ ယခုအကြိမ်တွင်မြစ်ရေတိုးလာသော်လည်း မြစ်ရေကိုသောက်သုံးရေ အဖြစ်ကျိုချက်သုံးနိုင်ကြောင်း လက်ရှိရေအခြေအနေအရမရွှေ့ပြောင်းသေးဘဲ စောင့်ကြည့်နေ ဆဲဖြစ်ကြောင်း အရှေ့မြင်းကျွန်းကျေးရွာ မှ ဦးစိုးလွင်၏ ပြောကြားချက်အရ သိရသည်။ မြိုပေါ်အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့်အမှတ်(၁)၊(၁၃)၊(၁၄)ရပ်ကွက်လူနေအိမ်အချို့မှာနီးစပ်ရာ
ဘုန်းတော်ကြီးကျောင်းနှင့်ဇရပ်များ၊အမြင့်ပိုင်းနေရာများသို့ယာယီရွေ့ပြောင်းနေထိုင်လျက်ရှိကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment