Friday, September 11, 2015
3:37 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်တွင် စက်တင်ဘာလ (၈)ရက်နေ့မှစ၍ ဧရာဝတီမြစ်ရေများ မြင့်တက် လျက်ရှိသည်။သြဂုတ်လအတွင်း မိုးသည်ထန်စွာ ရွားသွန်းမှုများကြောင့် မန်းချောင်းနှင့် မုန်းချောင်းမှ ရေးကြီး၊ ရေလျှံမှုများဖြစ်ပေါ်ပြီး ဧရာဝတီမြစ်ရေမြင့်တက်လာရာ မြစ်ကမ်းနားနေ ကျေးရွာနှင့် မင်းဘူးမြို့ ရပ်ကွက်အချို့ မြစ်ရေ၀င်ရောက်ခဲ့မှုဖြစ်ပေါ်ခဲ့သည်။ယခုစက်တင်ဘာလအတွင်း ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေကြီးမှုများကြောင့် မင်းဘူးမြို့ မြစ်ကမ်းနားအနီးရှိ ရပ်ကွက်များမှ လူနေအိမ်များနှင့် ကျေးရွာများတွင် မြစ်ရေ၀င်ရောက်မှုများဖြစ်ပေါ်လျက် ရှိသည်။
မင်းဘူးမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန၏တိုင်းထွာချက်အရ စက်တင်ဘာလ(၉)ရက်နေ့ ညနေ(၆)နာရီတွင် ဧရာဝတီမြစ်ရေသည် (၁၆၀၅)စင်တီမီတာရှိခဲ့ပြီး (၁၀)ရက်နေ့၊နံနက်(၆)နာရီတွင် (၁၆၂၈) စင်တီမီတာသို့ မြင့်တက်ခဲ့ရာ စိုးရိမ်ရေအမှတ်(၁၇၀၀)စင်တီမီတာသို့ မရောက်ရှိသေးကြောင်းနှင့် စက်တင်ဘာလ (၁၁)ရက်နေ့အထိ မြစ်ရေ ဆက်လက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment