Friday, September 11, 2015
3:42 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာတွင် ဧရာဝတီ မြစ်ရေမြင့်တက်လာမှု့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝင်းကျော်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ သရက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့ ကြီးကြပ်ဆောင် ရွက်မှု့ဖြင့် ရေပေါ်ကျွန်းကျေးရွာရှိ နွားများအား ရေကင်းလွတ်ရာသို့
ပြောင်းရွှေ့ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းကသရက်မြို့ဇာတ်ဆိပ်မှ ဇာတ်ရေယာဉ်ဖြင့် ရေပေါ်ကျွန်းကျေးရွာ သို့ သွားရောက်ပြီး ခလရ(၄၄)မှ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးဝန်ထမ်းများမှ ကျေးရွာပြည်သူများ ပြောင်းရွှေ့သည့် နွား
(၁၀၁)ကောင်၊ လှည်း(၄)စီးတို့အား ဇာတ်ရေယာဉ်ပေါ်သို့ တင်ဆောင်ပေးပြီး သရက်မြို့ ဇာတ်ဆိပ်သို့ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ဇာတ်ရေယာဉ်ပေါ်သို့ ပြောင်းရွှေ့လာသည့်နွားများအား မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာန ဒေါက်တာသန်းဌေးနှင့် ၀န်ထမ်းများက လိုအပ်သည့် ဆေးဝါးများ ကုသဆောင်ရွက်ပေးခဲ့ သည်။အဆိုပါ နွားများကို စမုတ်ကျောင်း ဘုန်းတော်ကြီးကျောင်းနှင့် ထုံးတောင်ကျေးရွာ တို့တွင် ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment