Friday, September 11, 2015
3:43 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ စက်တင်ဘာ ၉
ဂန့်ဂေါမြို့နယ် လူကုန်ကူးမှုတားဆီးရေးအဖွဲ့ကကြီးမှူး၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟော ပြောပွဲကို စက်တင်ဘာ ၈ ရက်နံနက်တွင် လာပို့ကျေးရွာ စာသင်ကျောင်းတွင်ပြုလုပ်ရာ မြို့နယ်လူကုန်ကူးမှု တားဆီးရေးအဇွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အမှာစကားပြောကြားသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေ၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်လှိုင်ဦးနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမိုးလှိုင်တို့က ကဏ္ဍအလိုက်အသီးသီးဟောပြောကြသည်။
အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူ များတက်ရောက်ကြသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment