Friday, September 11, 2015



မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက် လာမှု့ကြောင့် မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်အချို့နှင့် ကျေးရွာများအတွင်းသြဂုတ်လတွင် ပထမအကြိမ်မြစ်ရေများ ဝင်ရောက်ခဲ့ပြီးစက်တင်ဘာလတွင် ဒုတိယအကြိမ်ထပ်မံဝင်ရောက်လျက်ရှိသည်။
ရေစကြိုမြို့၏စိုးရိမ်ရေအမှတ်မှာ ၂၈ဒဿမ၇ပေဖြစ်ပြီးစက်တင်ဘာလ ၁၀ရက်နေ့တွင်၂၉ဒဿမ၈ပေသို့ ရောက်ရှိနေရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌါနဆိုင်ရာအကြီးအကဲများ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့များ လူမှု့ရေးအဖွဲ့အစည်းများ ကရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းများစီမံ ဆောင်ရွက်လျက်ရှိပြီးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အရံမီးသတ်တပ်ဖွဲ့များရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ
ကနေ့ညမပျက်ရေကင်းများ စောင့်ကြပ်ကြည့်ရှု့ခြင်းပြည်သူများအား မိုးလေဝသသတင်းများအမြဲမပျက်နားထောင်ကြရေး ရေဘေးသတိရှိကြရေး အသိပေနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video