Thursday, September 24, 2015


ပခုက္ကူ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင် မြိုနယ်(၅)မြို့နယ်မှ မိုးသီးနှံစိုက်တောင်သူများ အား မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်က စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းကို ၂၇.၅.၂၀၁၅ရက်နေ့မှစတင်၍ ၃၁.၈.၂၀၁၅ ရက်နေ့ထိ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်ကို မိုးသီးနှံစိုက်တောင်သူများ လက်ဝယ် သို့ထုတ်ချေးပေးခဲ့ကြောင်သိရသည်။
ပခုက္ကူခရိုင်ပခုက္ကူမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၀၂၈)ဧက၊ အခြားသီးနှံ(၃၃၁၇၃)ဧကတွက် အသင်းဝင်တောင်သူ (၄၄၉၃)ဦးတွက် စိုက်ပျိုးစရိတ်ထုတ်ချေးငွေ (၇၆၆၂.၆၀)သိန်း၊ ရေစကြိုမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၅၅၇၉)ဧက၊အခြားသီးနှံ(၁၀၆၀၅)ဧက၊ အသင်း ၀င်တောင်သူ (၇၀၁၅)ဦးတွက် စိုက်ပျိုးစရိတ်ထုတ်ချေးငွေ (၁၇၇၀၀)သိန်း ၊ မြိုင်မြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၀၉၁၅)ဧက၊ အခြားသီးနှံ(၆၃၉၂၅) ဧက၊ အသင်းဝင်တောင်သူ (၁၀၇၂၃)ဦးတွက် စိုက်ပျိုးစရိတ်ထုတ်ချေးငွေ (၂၃၇၀၀)သိန်း၊ ပေါက်မြို့နယ်တွင် မိုးစပါးစိုက်ဧက(၄၂၄၃)ဧက၊ အခြားသီးနှံ(၂၅၂၁၈)ဧက၊ အသင်းဝင်တောင်သူ (၄၉၇၂)ဦး တွက် စိုက်ပျိုးစရိတ်ထုတ်ချေးငွေ (၉၂၈၆.၆၀)သိန်း၊ ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးစိုက်ဧက (၇၀၄၆)ဧက၊အခြားသီးနှံ(၁၃၉၄၇)ဧက၊ အသင်း ၀င်တောင်သူ(၄၁၃၇)ဦး တွက်စိုက်ပျိုးစရိတ်ထုတ်ချေးငွေ (၉၈၃၅.၄၀)သိန်း ၊ပခုက္ကူခရိုင်တွင် မိုးစပါးစိုက်ဧက(၃၈၈၁၁)ဧက၊ အခြားသီးနှံ(၁၄၆၈၆၈)ဧက၊ အသင်းဝင်တောင်သူ(၃၁၃၄၀)ဦး တွက် စိုက်ပျိုးစရိတ်ထုတ်ချေးငွေ (၆၈၁၈၄.၄၀)သိန်း ကိုထုတ်ချေးပေး ခဲ့ကြောင်း စပါးတစ်ဧကလျင် (၁)သိန်နှုန်းဖြင့်၊ အခြားသီးနှံ တစ်ဧက (၂)သောင်းကျပ် ကို တစ်ရာကျပ် အတိုးနှုန်း တစ်နှစ်လျင် (၅) ရာခိုင်နှုန်း၊တစ်လ (၄၂)ပြားနှုန်းဖြင့် သက်သာသောနှုန်းထာများဖြင့် ထုတ်ချေးထား ကြောင်း ယခင်က စိုက်ပျိုးစရိတ်ထုတ်ချေး စနစ်ကို (၅)ဦးမှ(၁၀)ဦး အစုဖွဲ၍ အပြန်လှန် အာမခံစနစ်ဖြင့် ထုတ်ချေးပေးခဲ့ရာ ၂၀၁၅ ခုနှစ် တောင်သူလယ်သမား အခွင့် အရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး နည်း ဥပဒေ(၂၃) အရ (၃)ဦး အစုဖွဲကာ အပြန်အလှန် အာမခံစနစ်ဖြင့် ထုတ်ချေးပေးထား ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင် ဘဏ်ခွဲတာဝန်ခံ ဦးကြည်မြင့်ကပြောကြာသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video