Thursday, September 24, 2015
4:44 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
စေတုတ္တရာ စက်တင်ဘာ ၂၄
ရေကြီးနစ်မြုပ်မှုများကြောင့် ကျေးရွာ/နေအိမ်များမှ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဆရာအသင်း မှ အခမဲ့ကုသပေးခဲ့သည်။
စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက်၊မြို့လယ်ဓမ္မာရုံ၌ စက်တင်ဘာလ(၂၀)ရက်နေ့တွင် မြို့နယ် ပတ်ဝန်းကျင် ကျေးရွာများမှ ဝေဒနာရှင် (၄၇၉)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့သည်။
အဆိုပါတိုင်းရင်းဆေးကုသရေးအဖွဲ့တွင် မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်တင်တင်အောင်၊ ဦးဗိုလ်မြင့်၊(မင်းဘူးခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၊ခရိုင်ဦးစီးမှူး )တို့ဦးဆောင်သော တိုင်းရင်းဆေးဆရာ (၁၁)ဦးတို့မှ အခမဲ့ကုသပေးခဲ့ကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment