၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ ရန်ပယ်ဈေး အတွင်း ဆိုင်ခန်းအမှတ် (လ/၄)တွင် လက်ဖက်/ပဲခြမ်း ရောင်းချနေသော မကွေးမြို့၊ သိင်္ဂါရပ်ကွက် နေသူ မခိုင်ခိုင်မြင့် (၄၇)နှစ်၏ ဈေးဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ မခိုင်ခိုင်မြင့်၏ ခန္ဓာကိုယ်ပေါ် မှ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် ကောင်တာ စားပွဲအံဆွဲ အတွင်းမှ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေး ငွေ စက္ကူရောရာ ၁၈၀၀၀ိ/- ကျပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစား ပြု လုပ်သူ မခိုင်ခိုင်မြင့် အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၄၉/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Friday, September 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment