Friday, September 25, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ည (၉) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် အမှတ်(၆)ရပ်ကွက်၊ (၁၁)လမ်းပေါ်တွင် ရေစကြိုမြို့နယ်၊ ကံသစ်ရွာနေသူ အောင်ဖြိုးဦး (၂၃)နှစ်သည် အရက်သေစာသောက်စား မူးယစ်ပြီး အများပြည်သူ ကြောက်ရွံ့ ထိတ်လန့်စေရန် အရိုးအသွား(၁)ပေ (၄)လက်မခန့်ရှိ သစ်သားရိုးတပ် ဓါးမ(၁)ချောင်းအား ကိုင်ဆောင် ရမ်းကားနေသည်ကို တွေ့ရှိရ သဖြင့် အောင်ဖြိုးဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၃၇၆/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video