Thursday, September 24, 2015



ချောက် စက်တင်ဘာ ၂၃ရက်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး
ဌာန ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၉၇ ဒသမ ၂၈သန်းဖြင့်ကျေး
ရွာ(၇)ရွာအတွက် ICTS Myanmar ကုမဏီမှ ဆိုလာမီးလင်းရေးလုပ်ငန်း
များကို တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အဆိုပါကျေးရွာများမှ ညောင်ပင်သာကျေးရွာနှင့်ကံသာကျေးရွာများ
တွင်ဆိုလာမီးလင်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ
ကို ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူ
များမှ သတ်မှတ်စံချိန်စံနှုန်းများနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို စက်တင်ဘာ၂၁
ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video