Thursday, September 24, 2015
4:37 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် အင်းကုန်းအုပ်စု ၊ ပန်းမတ လျှပ်စစ်မြစ်ရေတင်ဧရိယာရေကြီး နစ်မြုတ်သည့် တောင်သူ ဦးဇော်လေး ၏ စိုက်ခင်းတွင် ရက်(၉၀) စပါးအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း မျိုးစေ့ချ ကရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းတို့အား စက်တင်ဘာလ(၂၃) ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်ကတောင်သူများအားပြသခဲ့ရာဒု-မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း ၊ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ ၊ မြို့နယ်
စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ ၊ ကျေးရွာအုပ်စု(၉)အုပ်စုမှ တောင်သူ(၁၁၅)ဦးနှင့် မြို့နယ်စိုက်ပျိုးရေး ၀န်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဌေးမောင်မှ အချိန်တိုအတွင်း ပြီးစီးအောင်မြင်ရေးအတွက်ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရခြင်းနှင့် မျိုးစေ့ချကရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရခြင်းတို့၏ ရည်ရွယ်ချက် အကျိုးကျေးဇူးများကိုများကို ရှင်းလင်းပြောကြားပြီး လက်တွေ့စိုက်ပျိုးနေမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိ
သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment