Thursday, September 24, 2015


မကွေး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီးသမ၀ါယမအသင်းမှ သမ၀ါယမ၀န်ကြီးဌာနနှင့် Dogdong Industrial Co.ltd တို့ပူးပေါင်း၍ လယ်ယာသုံးစက်ကရိယာ ပစ္စည်းရောင်း ချပွဲနှင့်သရုပ်ပြပွဲကို စက်တင်ဘာ၂၂ ရက် နံနက် ၉ နာရီက မကွေးတိုင်း ဒေသကြီး သမ၀ါယမအသင်းစုချုပ်ရုံး တွင်ကျင်းပသည်။
အခမ်းအနားတွင် သမ၀ါယမ၀န်ကြီးဌာနညွှန်ကြားရေးမှုး ဦးစိုင်းကျော်မင်းက အဖွင့်အမှာစကားပြော ကြားရာတွင် သမ၀ါယမ အသင်းသားတောင်သူများ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် လယ်ယာသုံးစက်ကိရိယာများကို ၁၀၀ ရာခိုင်နှုန်းမပေးချေနိုင်သည့်တောင်သူများအတွက် ကာလရှည် အရစ်ကျဝယ်ယူနိုင်ရန်စီစဉ်ထားပါကြောင်း၊ကိုရီးယားနိုင်ငံကထုတ်သည့်ပစ္စည်းများဖြစ်ပြီး စက်စွမ်းရည်အထူး ကောင်းမွန်ကာအလုပ်လုပ်ရာတွင် လုပ်ငန်းတွင်ကျယ်မှုရှိပြီး စက်များဝယ်ယူသုံးစွဲသည့်တောင်သူများအနေဖြင့် မိမိလယ်၊ယာများတွင်ကိုယ်တိုင်ထွန်ယက်နိုင်သည့်အပြင် အခြား လယ်ယာ များသို့အငှားလိုက် ထွန်ယက်နိုင် မည်ဖြစ်သည့်အတွက် ၀င်ငွေတိုးပြီး များစွာ အကျိုးရှိမှာဖြစ်ပါကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကို ရီးယားနို င်ငံ Dogdong Industrial Co.ltdမှ တာဝန်ရှိသူတစ်ဦးက စက်ကရိယာများနှင့်ပတ်သတ် ပြီး တက်ရောက်လာသောတောင်သူများအား ရှင်းလင်းတင်ပြသည်။
စက်ကရိယာအမျိုးအစားမှာ(၉)မျိုးအသုံးပြုနိုင်ပြီး ဒေဒုံစက်ပစ္စည်းအမျိုးအစားမှာ အရည်အသွေး ကောင်းမွန်ပြီး CK-2010 ထွန်စက်၊CK-3510ထွန်စက် စသည်ဖြင့် ပါဝင် သည်။ဝယ်ယူလိုသူအသင်းသားတောင်သူ များအတွက် အ၇စ်ကျ ၀ယ်ယူနိုင်ရေးအတွက် အမှာစာလက်ခံခြင်း Downpaymet ပးချေခြင်းများ လက်ခံ ဆောင်ရွက်ပေးလျှက်ရှိသည်။

လယ်ယာသုံး စက်ကရိယာများကိုစတင်ဝယ်ယူချိန်တွင် တန်ဘိုး၏(၁၀%)သာ ပေးသွင်းရ မည်ဖြစ်ပြီးတနှစ်ပြည့်ချိန်တွင် အရင်း(၅%)နှင့် အတိုးပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေကို (၅)နှစ်အတွင်း (၆)လတစ်ကြိမ်ဖြင့် (၁၀)ကြိမ်ပေးသွင်းရ မည်ဖြစ်သည်။
အခမ်းအနားတွင် ကိုရီးယားပညာရှင်မျာက စက်ကရိယာများအား လက်တွေ့သရုပ်ပြမောင်းနှင်ခြင်း တောင်သူများကိုယ်တိုင်စမ်းသပ်မောင်းနှင်
စေခြင်း တို့ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စိတ်ဝင်စားသူသမ၀ါယမအသင်း သားတောင်သူ(၇၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video